ပိဋကတ်သုံးပုံ ပါဠိတော် မြန်မာပြန်
အခု ပိဋကတ်မြန်မာပြန် ဆော့ဖ်ဝဲမှာတော့-
(က)
နိကာယ်ငါးရပ်ကို ကဏ္ဍငါးမျိုး ခွဲတယ်။
ဒါ့အပြင် ခုဒ္ဒကထဲက ဝိနည်းပိဋကကို ထိပ်ဆုံး, အဘိဓမ္မပိဋကကို နောက်ဆုံးဆိုပြီး နှစ်ကဏ္ဍ တိုးထားတယ်။
ဆိုတော့ စုစုပေါင်း (၇) ကဏ္ဍ ဖြစ်သွားမယ်။
(ခ)
မြန်မာပြန်ကျမ်းတစ်ခုကို ဝင်လိုက်တာနဲ့ တစ်မျက်နှာချင်း စ,ပြပေးလိမ့်မယ်။ ဘယ်မှာညာသို့ တစ်မျက်နှာချင်း ဖတ်သွားရုံပဲ။
(ဂ)
စာမျက်နှာကျော်ချင်ရင် အောက်ခြေမှာ စာမျက်နှာ ဘားတန်းရှိတယ်။ ဆွဲရွှေ့လိုက်တာနဲ့ လိုချင်တဲ့စာမျက်နှာ ကို တန်းရောက်ပါလိမ့်မယ်။
(ဃ)
စာမျက်နှာဘားတန်းရဲ့ ဘယ်ဘက်အစွန်မှာ မျှားတစ်ခု ရှိတယ်။ လိုချင်တဲ့ စာမျက်နှာကို ရိုက်ထည့်ပြီး သွားလို့ရတယ်။
(င)
စာမျက်နှာ ဘားတန်းရဲ့ ညာစွန်မှာတော့ မာတိကာ ရှိတယ်။ ကိုယ်လိုချင်တဲ့ အခန်းကို တစ်ချက်တို့ပြီး တိုက်ရိုက်သွားနိုင်တယ်။
(စ)
အပေါ်ဘားတန်းရဲ့ ဘယ်ဘက်ခြမ်းမှာ ကျမ်းစာအမည် ရှိပါတယ်။ ညာခြမ်းမှာတော့ တစ်မျက်နှာလုံးကို ကော်ပီကူးယူလိုတဲ့အခါ သုံးနိုင်တဲ့ Copy သင်္ကေတ ရှိပါတယ်။
(ဆ)
စာမှတ်သင်္ကေတလေးကို နှိပ်ပြီး လက်ရှိစာမျက်နှာကို မိမိ မှတ်လိုရာ စာသားဖြင့် မှတ်နိုင်ပါတယ်။ မိမိ မှတ်ခဲ့သမျှကို စာမှတ်စာရင်းထဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ( အောက်ဘားတန်းမှာ ဒုတိယအကွက်)
(ဇ)
ကော်ပီကူးလိုတဲ့အခါ Copy သင်္ကေတကို နှိပ်ပြီး ကူးယူပါက ဇော်ဂျီဖုန်းမှာ ဇော်ဂျီစာ ရပြီး ယူနီကုဒ်ဖုန်းမှာတော့ ယူနီကုဒ်စာ ရပါလိမ့်မယ်။
စာသားတွေကို ဖိ, Select ပေးပြီး ကော်ပီအနေနဲ့ ကူးယူမယ်ဆိုရင်တော့ ယူနီကုဒ်စာ တစ်မျိုးပဲ ရပါလိမ့်မယ်။
(ဈ)
စာလုံးအကြီး, အလတ်, အသေး, စာမျက်နှာနောက်ခံ အဖြူ, အမည်းတို့အတွက် ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။
ဖတ်နေဆဲ စာအုပ်ရဲ့ အပေါ်ညာဘက်ဒေါင့်က စက်သွားပုံထဲမှာ ဝင်ပြင်နိုင်ပါတယ်။
(ည)
လတ်တလောဖတ်ရှုဆဲ စာမျက်နှာကို မူလစာမျက်နှာရဲ့ အောက်ခြေ, တတိယအကွက်မှာ ဖော်ပြပေးထားပါတယ်။ (( အောက်ဘားတန်းမှာ ဒုတိယအကွက်)
(ဋ)
လေးကွက်မြောက်ပုံလေးကို နှိပ်ရင် စာရှာတဲ့ နေရာပွင့်လာပြီး ရှာဖွေနိုင်ပါတယ်။ ရှာဖွေချိန်ကတော့ ရှာဖွေတဲ့ စကားလုံးနဲ့ စက်ပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။ စာဖွေမှုစာရင်းမှာ တွေ့ရှိရာ ကျမ်းစာတွေ၏ စာမျက်နှာနှင့်တကွ စကားလုံး ၁၀၀ ခန့် ပြသထားပါတယ်။ ထိုမှ တဆင့် မိမိလိုရာ ကျမ်းစာမျက်နှာသို့ ဖွင့်ဖတ်နိုင်ပါတယ်။
ကျမ်းညွှန်းဖို့ရာ သိပ်ခက်ပါတယ်။ ကမ္ဘာအေးထုတ်မူတွေက အရင်မူနဲ့ နောက်မူတွေက မတူတတ်လေတော့ စာမျက်နှာကို ဘယ်ဒင်းမူနဲ့ တည်ရမှန်း မသိပါဘူး။
ကမ္ဘာအေးကလည်း လူဖတ်အများဆုံး ကျမ်းစာတွေကိုပဲ အကြိမ်များစွာ ပြန်ထုတ်ပြီး လူဖတ်အနည်းဆုံး ကျမ်းစာတွေကိုတော့ အကြိမ်ရေနည်းနည်းပဲ ထုတ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် ကျမ်းညွှန်းမယ်ဆိုရင် မူအမျိုးမျိုးနဲ့ တူချင်မှ တူမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။